Sunday, July 29, 2012

''ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်''

mgtharzaw@gmail.com
  1. လာမည့်ရွေးကောက်ပွဲများတွင် တစ်ပါတီတည်းအနိုင်ရမှုကိုကာကွယ်
  2. ရန် ရွေးကောက်ပွဲစံနစ်ပြုပြင်ရေးနှင့်ပတ်သတ်၍ ဒီမိုကရေစီမိတ်ဆွေပါတီများက
  3. သဘောထားကြေည်ာချက်တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့စွဲဖြင့်ထုတ်ပြန်ခဲ့သည်။
  4. ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
  5. "ေ၇ွးကောက်ပွဲကော်မရှင်က ဒါကိုလွှတ်တော်တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေအားလုံးပါဝင်လာအောင်လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ
  6. တိုးတက်ရေးပါတီကတော့ ဒီသဘောထားကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
  7. အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်ပြောကြားကြသည်။
  8. သဘောထားကြောညာချက်အပြည့်အစုံကိုအောက်တွင်ဖော်ပြထားပါသည်။

Friday, June 15, 2012

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ်ပါတီ Jamaat e-Islami က ရိုဟင်ဂျာများကို လက်နက်တပ်ဆင်ကာ မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုဖြစ်စေရန် လှုံ့ဆော်ပေးခဲ့သည့်ဟု မြန်မာအစိုးရက ပူပန်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးပြောကြား၊ ရိုဟင်ဂျာများနှင့် Jaamat အကြားခိုင်မာသော ချိတ်ဆက်မှုရှိနေကြောင်း ၀န်ခံ

mgtharzaw@gmail.com
Friday, 15 June 2012 15:26


ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် ပါတီ Jamaat e-Islami နှင့် အချို့သော အဖွဲ့အစည်းများက ရိုဟင်ဂျာများကို လက်နက်တပ်ဆင်က မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုဖြစ်ပြီး လူမျိုးရေး အဓိကရုန်းများ ဖြစ်လာစေရေး လှုံ့ဆော်ပေးခဲ့သည်ဟု ယူဆရမှုအပါအ၀င် မြန်မာအစိုးရ၏ ပူပန်နေရသည့်ကိစ္စများကို မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးသို့ ဆက်သွယ်အသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက ဇွန်လ ၁၄ ရက် နေ့တွင် ပြောကြားခဲ့သည်။
"Jamaat နဲ့ ရိုဟင်ဂျာတွေကြားမှာ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိနေပါတယ်။ Jamaat ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံတွင်းမှာ ရိုအင်ဂျာအုပ်စု အချို့လှုပ်ရှားနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီကိစ္စကို အရမ်း အရေးကြီးတဲ့ ကိစ္စအဖြစ် မှတ်ယူထားပါတယ်"ဟု မိုနီက ဖြည့်စွက်ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာများ ထပ်မံဝင်ရောက်မှုကို လက်ခံရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ဖိအားပေးနေသော်လည်း လက်မခံနိုင်ရခြင်းနှင့် ပတ်သက်ပြီးလည်း မိုနီက ဖြေရှင်းပြောကြားခဲ့သည်။
"စစ်ဖြစ်နေတဲ့ အခြေအနေမျိုး မရှိပါဘူး။ သူတို့ (ရိုဟင်ဂျာ)တွေမှာ သွားစရာနေရာမရှိတာလည်း မဟုတ်ပါဘူး။ (မြန်မာ)အစိုးရက သူတို့ကို နှင်ထုတ်နေတာလည်း မဟုတ်ပါဘူး။ ဒီပြဿနာကို ပြေလည်အောင်ပဲ ဖြေရှင်းပေးနေတာပါ" ဟု မိုနီကသုံးသပ်ခဲ့သည်။
"ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို လက်ခံပေးရမယ်ဆိုတဲ့ ဘယ်နိုင်ငံတကာ သဘောတူညီချက်ကိုမှ လက်မှတ်မထိုးထားပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေကို အမိုးအကာပေးဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်ဆိုတာမျိုး မဟုတ်ပါဘူး"ဟု မိုနီ ကပြောကြားခဲ့သည်။
"အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ မဟုတ်ပေမဲ့ ကျွန်မတို့က သူတို့ကို လူသားချင်း စာနာထောက်ထားမှုအရ နိုင်ငံထဲမှာ နေခွင့်ပေးထားတာပါ"ဟု မိုနီက ပြောကြားခဲ့ပြီး လက်တလောအချိန်တွင် ရိုဟင်ဂျာ ၂၅၀၀၀ ခန့်ကို အကူအညီပေးထားပြီး တရားမ၀င် နေထိုင်သူ ငါးသိန်းနီးပါးအထိ ဘင်္ဂလားဒေ့ရှ် တွင် လက်ခံပေးထားရပြီးဖြစ်ကြောင်း မိုနီက အောက်လွှတ်တော်တွင် စာရင်းဇယားများ တင်ပြခဲ့သည်။
"ရိုဟင်ဂျာတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူမှုရေး၊နိုင်ငံရေး၊ ပတ်ဝန်းကျင်ရေးရာနဲ့ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ပြဿနာတွေ အမြောက်အများကို ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရင်ဆိုင်နေရပါတယ်"ဟု မိုနီက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သော ရိုဟင်ဂျာအချို့သည် ယခင်(ဘင်္ဂလားဒေ့ရှ်) အစိုးရ လက်ထက်က အကူအညီရပြီး ပြည်ပသို့ထွက်ခွာရန် စီမံနိုင်ခဲ့မှုများရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ကိုင်ပြီး ပြည်ပတွင် ရာဇ၀တ်မှုများ ကျူးလွန်ရာ၌ ပါဝင်ပတ်သက်နေသည့် ရိုဟင်ဂျာများရှိကြောင်း မိုနီက ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစ္စလာမ်မစ် ပါတီ Jamaat e-Islami နှင့် အချို့သော အဖွဲ့အစည်းများက ရိုဟင်ဂျာများကို လက်နက်တပ်ဆင်က မြန်မာနိုင်ငံတွင် မငြိမ်မသက်မှုဖြစ်ပြီး လူမျိုးရေး အဓိကရုန်းများ ဖြစ်လာစေရေး လှုံ့ဆော်ပေးခဲ့သည်ဟု ယူဆရမှုအပါအ၀င် မြန်မာအစိုးရ၏ ပူပန်နေရသည့်ကိစ္စများကို မြန်မာနိုင်ငံရှိ ဘင်္ဂလားဒေ့ရှ် သံရုံးသို့ ဆက်သွယ်အသိပေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီး ဒီပူမိုနီက ဇွန်လ ၁၄ ရက် နေ့တွင် ပြောကြားခဲ့သည်။

"Jamaat နဲ့ ရိုဟင်ဂျာတွေကြားမှာ ခိုင်မာတဲ့ ချိတ်ဆက်မှုရှိနေပါတယ်။ Jamaat ရဲ့ ထောက်ပံ့မှုနဲ့ မြန်မာနိုင်ငံတွင်းမှာ ရိုအင်ဂျာအုပ်စု အချို့လှုပ်ရှားနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ ဒီကိစ္စကို အရမ်း အရေးကြီးတဲ့ ကိစ္စအဖြစ် မှတ်ယူထားပါတယ်"ဟု မိုနီက ဖြည့်စွက်ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာများ ထပ်မံဝင်ရောက်မှုကို လက်ခံရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး က ဖိအားပေးနေသော်လည်း လက်မခံနိုင်ရခြင်းနှင့် ပတ်သက်ပြီးလည်း မိုနီက ဖြေရှင်းပြောကြားခဲ့သည်။

"စစ်ဖြစ်နေတဲ့ အခြေအနေမျိုး မရှိပါဘူး။ သူတို့ (ရိုဟင်ဂျာ)တွေမှာ သွားစရာနေရာမရှိတာလည်း မဟုတ်ပါဘူး။ (မြန်မာ)အစိုးရက သူတို့ကို နှင်ထုတ်နေတာလည်း မဟုတ်ပါဘူး။ ဒီပြဿနာကို ပြေလည်အောင်ပဲ ဖြေရှင်းပေးနေတာပါ" ဟု မိုနီကသုံးသပ်ခဲ့သည်။

"ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကို လက်ခံပေးရမယ်ဆိုတဲ့ ဘယ်နိုင်ငံတကာ သဘောတူညီချက်ကိုမှ လက်မှတ်မထိုးထားပါဘူး။ ဒါကြောင့် ရိုဟင်ဂျာတွေကို အမိုးအကာပေးဖို့ ကျွန်မတို့မှာ တာဝန်ရှိတယ်ဆိုတာမျိုး မဟုတ်ပါဘူး"ဟု မိုနီ ကပြောကြားခဲ့သည်။

"အပြည်ပြည်ဆိုင်ရာ ဥပဒေတွေအရ မဟုတ်ပေမဲ့ ကျွန်မတို့က သူတို့ကို လူသားချင်း စာနာထောက်ထားမှုအရ နိုင်ငံထဲမှာ နေခွင့်ပေးထားတာပါ"ဟု မိုနီက ပြောကြားခဲ့ပြီး လက်တလောအချိန်တွင် ရိုဟင်ဂျာ ၂၅၀၀၀ ခန့်ကို အကူအညီပေးထားပြီး တရားမ၀င် နေထိုင်သူ ငါးသိန်းနီးပါးအထိ ဘင်္ဂလားဒေ့ရှ် တွင် လက်ခံပေးထားရပြီးဖြစ်ကြောင်း မိုနီက အောက်လွှတ်တော်တွင် စာရင်းဇယားများ တင်ပြခဲ့သည်။

"ရိုဟင်ဂျာတွေကြောင့် ဘင်္ဂလားဒေ့ရှ်မှာ လူမှုရေး၊နိုင်ငံရေး၊ ပတ်ဝန်းကျင်ရေးရာနဲ့ တရားဥပဒေ စိုးမိုးမှုဆိုင်ရာ ပြဿနာတွေ အမြောက်အများကို ဘင်္ဂလားဒေ့ရှ် အနေနဲ့ ရင်ဆိုင်နေရပါတယ်"ဟု မိုနီက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့သော ရိုဟင်ဂျာအချို့သည် ယခင်(ဘင်္ဂလားဒေ့ရှ်) အစိုးရ လက်ထက်က အကူအညီရပြီး ပြည်ပသို့ထွက်ခွာရန် စီမံနိုင်ခဲ့မှုများရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ပတ်စ်ပို့ကိုင်ပြီး ပြည်ပတွင် ရာဇ၀တ်မှုများ ကျူးလွန်ရာ၌ ပါဝင်ပတ်သက်နေသည့် ရိုဟင်ဂျာများရှိကြောင်း မိုနီက ပြောကြားခဲ့သည်။

ရခိုင်ဒေသအရေး မီဒီယာများ ပူးပေါင်းကူညီပါ

mgtharzaw@gmail.com
Friday, June 15, 2012 Sithu Linn

အစိုးရပြန်ကြားရေးဌာနရဲ့ ဒီညနေ ထုတ်ပြန်ချက်ဖြစ်ပါတယ်။ MRTV 4 ကနေလည်း ကြေညာသွားပါတယ်။
ရခိုင်ပြည်နယ်အတွင်း အခြေအနေကောင်းများကို ဆက်လက် ထိန်းသိမ်းနိုင်ဖို့ ပြည်သူများ၊ မီဒီယာများ ပူးပေါင်း ဆောင်ရွက်သွားကြပါလို့ တိုက်တွန်းထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိ ရရှိထားပြီးဖြစ်သည့် အခြေအနေကောင်းများကို
ဆက်လက် ထိန်းသိမ်းပြီး လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု အခြေအနေများ
ပိုမိုတိုးတက် ကောင်းမွန်လာစေရေး ပူးပေါင်းလက်တွဲ ထိန်းသိမ်းဆောင်ရွက်သွားကြပါရန် သက်ဆိုင်ရာက နှိုးဆော်

နေပြည်တော် ဇွန် ၁၅

ရခိုင်ပြည်နယ် အတွင်းရှိ မြို့နယ်အချို့တွင် လတ်တလော ဖြစ်ပွားပေါ်ပေါက်ခဲ့သော အခြေအနေ အရပ်ရပ်ကြောင့် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးကို အမြန်ဆုံး ပြန်လည်ဖော်ဆောင် ပေးနိုင်စေရန် အတွက် ဇွန် (၁၀)ရက်နေ့မှစ၍ အရေးပေါ် အခြေအနေကြေညာပြီး တပ်မတော်၏ အကူအညီကို ရယူကာ ထိန်းသိမ်းစောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းပြီး အဘက်ဘက်မှ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့သည့် အတွက် ယခုအခါ ရခိုင်ပြည်နယ်အတွင်း လုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှု အခြေအနေများ တိုးတက်ကောင်းမွန်လာလျက် ရှိသည့်အပြင် မူလအခြေအနေသို့ ပြန်လည် ရောက်ရှိစေရေးအတွက် ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဆူပူအကြမ်းဖက်မှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရပြီး လတ်တလော ဒုက္ခနှင့် ရင်ဆိုင်နေကြရသည့် ဒေသခံပြည်သူများ အတွက်လည်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်လက်ခံပြီး လတ်တလော စားသောက်ရေး၊ နေထိုင်ရေး၊ ကျန်းမာရေး ကိစ္စများကို ကူညီပံ့ပိုး စောင့်ရှောက်ပေးလျက် ရှိသည်။ ကျေးရွာများ ပြန်လည်ထူထောင်ရေးအတွက် ရေရှည် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ ဒေသအေးချမ်းတည်ငြိမ်ရေး ပူးပေါင်းဆောင်ရွက်ရမည့် အစီအမံများကိုလည်း စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိသည်။

ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ စေတနာရှင် ပြည်သူများကလည်း ကယ်ဆယ်ရေးစခန်းများရှိ ဒေသခံပြည်သူများအတွက် စေတနာ မေတ္တာအပြည့်ဖြင့် ဝိုင်းဝန်းပံ့ပိုး ကူညီလှူဒါန်းမှုများကို အင်တိုက် အားတိုက် ဆောင်ရွက်လျက် ရှိကြသည်။

သို့ပါ၍ ရခိုင်ပြည်နယ်အတွင်း လက်ရှိရရှိထားပြီး ဖြစ်သည့် အခြေအနေကောင်းများကို ဆက်လက် ထိန်းသိမ်းပြီး လုံခြုံမှုနှင့် တည်ငြိမ် အေးချမ်းမှု အခြေအနေများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေးအတွက် ပြည်သူများ၊ မီဒီယာများ အားလုံးက ပူးပေါင်းလက်တွဲ ထိန်းသိမ်း ဆောင်ရွက်သွားကြပါရန် သက်ဆိုင်ရာက နှိုးဆော်ထားကြောင်း သတင်းရရှိသည်။

နာမည်ကျော် အမေရိကန်ကုမ္ပဏီ ကိုကာကိုလာ မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပထမဆုံးအကြိမ် ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေ

mgtharzaw@gmail.com
Friday, 15 June 2012 12:54

နာမည်ကျော် အမေရိကန် ကုမ္ပဏီတစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီသည် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၆၀ ကျော်အတွင်း ပြန်လည် ရင်းနှီးမြှုပ်နှံရန် စီစဉ်နေကြောင်း ဇွန်လ ၁၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါ ထုတ်ပြန်မှုကြောင့် ကိုကာကိုလာကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှု မပြုထားသည့်နိုင်ငံမှာ ကမ္ဘာပေါ်တွင် နှစ်နိုင်ငံသာ ကျန်ရှိတော့ပြီး ၄င်းတို့မှာ အာဏာရှင်နိုင်ငံများ ဖြစ်ကြသည့် ကျူးဘားနှင့် မြောက်ကိုရီးယားနိုင်ငံတို့ ဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု အစိုးရက အမေရိကန် ကုမ္ပဏီများကို ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန် လိုင်စင်ထုတ်ပေးသည်နှင့် တစ်ပြိုင်နက် ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း စတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ကိုကာကိုလာ ကုမ္ပဏီက ပြောကြားခဲ့သည်ဟု သတင်းများတွင် ဖော်ပြချက်အရ သိရသည်။

အမေရိကန်နိုင်ငံ အတ္တလန်တာ အခြေစိုက် ကုမ္ပဏီဖြစ်သည့် ကိုကာကိုလာကုမ္ပဏီက အစဦးဆုံးအနေဖြင့် အိမ်နီးချင်း နိုင်ငံများက ကိုကာကိုလျာားကို မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် မြန်မာနိုင်ငံတွင်းမှ စီးပွားဖက်ကို ရှာဖွေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကုမ္ပဏီသည် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း မြန်မာနိုင်ငံတွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ကိုကာကိုလာ ဖောင်ဒေးရှင်းအနေဖြင့် မြန်မာနိုင်ငံရှိ အမျိုးသမီးများ အလုပ်အကိုင် အခွင့်အလမ်းအတွက် ကူညီထောက်ပံ့သည့်အနေဖြင့် အမေရိကန်ဒေါ်လာ သုံးသန်းကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ မဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ကြောင်း ကိုကာကိုလာ ကုမ္ပဏီက ပြောကြားခဲ့သည်။

ကိုကာကိုလာ ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်မှာ ၁၉၂၇ ခုနှစ်ကဖြစ်ကြောင်း သိရသည်။

အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပိတ်ပင်ထားမှုကို အမေရိကန် ပြည်ထောင်စုသမ္မတ ဘာရက်အိုဘားမားက ၂၀၁၂ ခုနှစ် မေလ ၁၇ ရက်နေ့က လျော့ပေါ့ခဲ့ပြီး အမေရိကန်အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် အမေရိကန် ကုမ္ပဏီများ ရင်းနှီးမြှုပ်နှံနိုင်ရန် အထွေထွေ ခွင့်ပြုမိန့်တစ်ရပ်ကို ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း သိရသည်

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲပြုလုပ်

mgtharzaw@gmail.com

Friday, 15 June 2012 04:23


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေအနေများနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီ၏ သတင်းစာရှင်းလင်းပွဲကို ဇွန်လ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ရုံး၌ြုပုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ အဆိုပါ သတင်းစားရှင်းလင်းပွဲ၌ ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းနှင့် ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းတို့မှ ဦးဆောင်ရှင်းလင်းခဲ့ကြောင်း၊ ရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၏ လက်ရှိအခြအနေ၊ ကယ်ဆယ်ရေးအနေအထားများနှင့် ပျက်စီးဆုံးရှုံးမှုများကို အဓိကထား ရှင်းလင်းသွားခဲ့ကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဇွန်လ ၈ ရက်နေ့မှ ၁၃ ရက်နေ့အထိ သိရှိရသော စာရင်းများအရ မီးလောင်မှုဖြစ်စဉ်တွင် နေအိမ် ၂၅၂၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး ရခိုင်တိုင်းရင်းသားများ၏အိမ် ၁၁၉၂ အိမ်နှင့် မူစလင်များ၏နေအိမ် ၁၃၃၆လုံး ဖြစ်ကြောင်း၊ ဘုန်းတော်ကြီးကျောင်း ၉ ကျောင်း၊ ဗလီ ၇ လုံး၊ စာသင်ကျောင်းတစ်ကျောင်း မီးလောင်ခဲ့ကြောင်း၊ သေဆုံးသူ ၂၉ ဦး ရှိခဲ့ပြီး ရခိုင်တိုင်းရင်းသား ၁၃ ဦးနှင့် မူစလင် ၁၆ ဦးဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

"၈ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ အားလုံးတောက်လျှောက်ပေါင်းကြည့်မယ်ဆိုရင် မီးလောင်ဖျက်ဆီးခံခဲ့ရတာ ရခိုင်လူမျိုးတွေရဲ့အိမ် ၁၁၉၂ အိမ်ရှိပါတယ်။ မူစလင်အိမ် ၁၃၃၆အိမ် ရှိပါတယ်။ စုစုပေါင်း ၂၅၂၈ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဗလီ ၇ လုံး မီးလောင်ကျွမ်းခံခဲ့ရပါတယ်။ ဘုန်းကြီးကျောင်း ၉ ကျောင်း၊ စာသင်ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ သေဆုံးမှုအနေနဲ့ ၂၉ ဦးသေဆုံးခဲ့ပြီး ရခိုင်လူမျိုး ၁၃ ဦးနဲ့ မူစလင် ၁၆ ဦး ဖြစ်ပါတယ်။ ဒဏ်ရာရတဲ့အခြေအနေတွေကို ပြန်ကြည့်မယ်ဆိုရင် အားလုံးစုစုပေါင်း ၃၈ ဦးရှိပြီးတော့ ရခိုင်လူမျိုး ၁၆ ဦးနဲ့ မူစလင်လူမျိုး ၂၂ ဦးရှိပါတယ်။ ဒီကိန်းဂဏန်းတွေကတော့ ကျနော်တို့ ၁၃ ရက်နေ့အထိ ကျနော်တို့ ဖွဲ့စည်းထားတဲ့ စာရင်းဇယားရယူရေးအဖွဲ့နဲ့ တောက်လျှောက်ကောက်ခံရရှိထားတဲ့ စာရင်းဇယားအရ တင်ပြခြင်းဖြစ်ပါတယ်။

ဆက်လက်ပြီးတော့ မြို့နယ်အသီးသီးမှာ ဖွင့်လှစ်ထားရှိတဲ့ စခန်းတွေအကြောင်း တင်ပြလိုပါတယ်။ ပရိပက္ခကြောင့် တိမ်းရှောင်ခဲ့တဲ့ အဖွဲ့တွေစုစည်းပြီး ယာယီနေထိုင်ဖို့ စခန်း ၃၇ ခု ကျနော်တို့ လက်ရှိဖွင့်ထားပါတယ်။ စုစုပေါင်း လူဦးရေ ၃၁၈၈၄ ဦး စခန်း အသီးသီးမှာ ရောက်ရှိနေပါတယ်။ မရောက်ရှိသေးတဲ့ အချို့အချို့သော အဖွဲ့တွေလည်း ရှိကောင်းရှိမှာဖြစ်ပါတယ်။ စစ်တွေမှာဆိုရင်တော့ ရခိုင်လူမျိုးတွေအတွက် ဖွင့်လှစ်ထားတဲ့ စခန်း ၁၅ ခု ရှိပါတယ်။ အဲ့ဒီမှာ လူဦးရေ ၅၆၉၀ ရှိပါတယ်။ တိမ်းရှောင်နေတဲ့ မူစလင်တွေစုစည်းပြီးထားတဲ့ စခန်း ၂ ခုရှိပါတယ်။ အင်အားအနေနဲ့ ၁၈၈၈၆ ဦး ရှိပါတယ်။ ဒါ့ကြောင့်မို့ စစ်တွေမှာ ရခိုင်ရော မူစလင်ရော ပေါင်းမယ်ဆိုရင် ၂၄၅၇၆ ဦးရှိနေတာ တွေ့ရပါတယ်။ ရသေ့တောင်မှာကတော့ ၁၄ နေရာရှိပါတယ်။ ရခိုင်လူမျိုးတွေ သင့်တော်ရာ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတို့မှာ ဖွင့်လှစ်ထားတာရှိပါတယ်။ အင်အားကတော့ ၃၁၀၄ ဦးရှိပါတယ်။ ပုဏ္ဏားကျွန်းမှာ စခန်း ၄ နေရာ ဖွင့်ထားပြီးတော့ ၂၇၀၄ ဦးရှိပါတယ်။ ပေါက်တောမှာတော့ မူစလင်စခန်း ၂ ခု ဖွင့်ထားပါတယ်။ အင်အားက ၁၅၀၀ ရှိပါတယ်။

မနေ့ကစပြီးတော့ အခြေအနေအရပ်ရပ်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ မနေ့ညကဆိုရင် မီးရှို့ဖျက်ဆီးဖို့ ကြံတဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်များ ဖမ်းဆီးရမိခဲ့ပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့နေရာက ၂ နေရာဖြစ်ပါတယ်။ တစ်နေရာမှာတော့ အဝတ်စတွေပါ ထိုးထည့်ထားတဲ့ ဓါတ်ဆီပုလင်း ၂၅ ပုလင်း၊ ပြင်ဆင်မှုလုပ်ဖို့ ရည်ရွယ်ပြီး ဆောင်ထားတဲ့ ပုလင်းခွံ ၃၄ လုံး၊ ဓားတို့ ဓားမြောင်တို့ ဦးချွန်တို့ သစ်သားအရိုးတပ်မှန်တို့၊ သံချွန်တွေ၊ သံတူရွင်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တာရှိပါတယ်။ ဒါကို ပြန်ကြည့်မယ်ဆိုရင် စစ်တွေ ကုန်းတန်းရပ်ကွက်မှာ ၂၃ ဦး ဖမ်းဆီးရမိပါတယ်။ နောက်ထပ် မီးရှို့ဖို့အတွက် တက်လာလို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းဝန်းဖမ်းဆီးတဲ့အတွက် ၆ ဦးထပ်မိပါတယ်။ အားလုံး ၂၉ ဦးရှိပါတယ်။ ဒါကိုလဲ အမှတ် (၁) ရဲစခန်းကို အပ်နှံပြီးတော့ ကျင့်၁၅၁အရ ချုပ်နှောင်ထားရှိပြီး အရေးယူဆောင်ရွက်နိုင်ဖို့အတွက် စီမံဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့်မို့လို့ လက်ရှိအခြေအနေမှာတော့ တည်ငြိမ်အေးချမ်းမှု ရရှိနေပြီဖြစ်ပါတယ်။ " ဟု သတင်းထောက်များကို ပြောကြားခဲ့ပါသည်။

"ယနေ့မှာဆိုလျှင် မနေ့ကထက်ပိုပြီးတော့ အခြေအနေကောင်းတာတွေ တွေ့ရမှာဖြစ်ပါတယ်။ ဆိုင်ခန်းများလည်း ပြန်လည်ဖွင့်လှစ်သလို ဘဏ်တွေလည်းပြန်လည်ဖွင့်လှစ်ပါတယ်။ လုပ်ငန်းတွေ အုပ်ချုပ်မှု ယန္တရားလည်း လည်ပတ်နိုင်အောင် ကျနော်တို့ စီမံထားပါတယ်။ ကယ်ဆယ်ရေးအတွက်ကို ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီကို ဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရင်းနဲ့ တစ်ပြိုင်နက်ထဲ အုပ်ချုပ်မှုယန္တရားပါ ပြန်လည် လည်ပတ်နိုင်အောင် စီမံဆောင်ရွက်နေတာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကိုလည်း လက်ရှိထိန်းသိမ်းထားနိုင်ပြီဖြစ်ကြောင်း တင်ပြလိုပါတယ်။"

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အခြေအနေများမှာ အယ်လ်ကေဒါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်မှု ရှိသည်ဆိုသောအချက်ကို နိုင်ငံတော်မှ ရှင်းလင်းတင်ပြလိမ့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် နယ်စပ်ဒေသနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှုးကြီးထိန်လင်းက ပြောကြားခဲ့သည်။ "အယ်လ်ကေဒါနှင့် ဆက်နွယ်ဆောင်ရွက်တယ်ဆိုတဲ့ အချက်မှာ နိုင်ငံတော်ကနေပြီးတော့ စနစ်တကျ ရှင်းလင်းတင်ပြပါလိမ်မယ်။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့နယ်မြေအတွင်းမှာတော့ အယ်လ်ကေဒါနဲ့ပတ်သက်ပြီး ထူးခြားလှုပ်ရှားမှု မတွေ့ပါဘူး" ဟု ဗိုလ်မှုးကြီးထိန်လင်းကပြောပါသည်။

ထို့အပြင် စစ်တွေမြို့ လောကနန္ဒါ ဘုရားရှေ့ရှိ ဗလီ၌ ယနေ့မွန်းလွဲပိုင်းက သေနတ်ကျည်ဆံများ ရှာဖွေတွေ့ရှိသည်ဆိုသော သတင်းကို Eleven Media Group မှ အတည်ပြုမေးမြန်းခဲ့ရာ ဗိုလ်မှုးကြီးထိန်လင်းက ၎င်းတို့အနေဖြင့် သတင်းများကို နာရီနှင့်အချိန်အလိုက် ရရှိနေကြောင်း အဆိုပါသတင်းကို မရရှိသေးကြောင်း ပြန်လည်ဖြေကြားပါသည်။

ထို့နောက် UN အဖွဲ့အစည်းတစ်ခုမှ ရခိုင်ပြည်နယ်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးနှင့် NGO တစ်ခု၏ ရခိုင်ပြည်နယ်ဆိုင်ရာ အဖွဲ့ခေါင်းဆောင်တစ်ဦးကို ထိန်းသိမ်းထားခြင်းအား Eleven Media Group မှ ဆက်လက်မေးမြန်းခဲ့ရာ ဗိုလ်မှုးကြီးထိန်လင်းက "အဲ့ဒါကတော့ အခြေအမြစ်ဖြစ်ခဲ့တဲ့ဒေသက ကျနော်တို့ဒေသမဟုတ်တော့ ကျနော်မဖြေနိုင်ပါဘူး"ဟု ပြန်လည်ဖြေကြားခဲ့ပါသည်။

ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့သော ဖြစ်စဉ်များသည် မည်သူ့အတွက်မျှ အကျိုးအမြတ်မရှိခဲ့ကြောင်း မည်သည့်နေရာတွင်မှ မဖြစ်စေလိုကြောင်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ယနေ့ညနေပိုင်း၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့ပါသည်။ "ဖြစ်တာတွေကတော့ ဖြစ်ပြီးသွားပြီ၊ ဖြစ်ပြီးသွားတဲ့အနေအထားမှာ ကြည့်လိုက်တဲ့အခါ ဘယ်သူမှမနိုင်ဘူး ဘယ်သူမှအကျိုးအမြတ်မရှိဘူး။ သို့သော် ဒီဖြစ်ရပ်အပေါ်မှာ ဖြစ်စေချင်တဲ့လူတွေကတော့ စိတ်ထဲမှာ နည်းနည်းကျေနပ်ကောင်း ကျေနပ်သွားလိမ့်မယ်၊ ဒါပေမယ့် ကျနော်တို့သည် ဒုက္ခသည်တစ်ပုံတပင်ကြီးကို ရရှိလိုက်တာ အကျိုးအမြတ်က ဒါပဲဖြစ်ပါတယ်၊ အဲဒါကြောင့် ဒီလိုရခိုင်ပြည်နယ်မှာ ဖြစ်တဲ့ဖြစ်ရပ်မျိုး ဘယ်နေရာမှာမှ ကျနော်တို့ မဖြစ်စေချင်ဘူး။ အရင်တုန်းက အတူတကွ နေထိုင်လာကျတဲ့ ဒီလူမျိုး ၂ မျိုးဟာ မလိုလားအပ်တဲ့ ပယောဂတွေ၊ ကောလာဟာလတွေ၊ တစ်ချို့လည်း မြှောက်ပေးနေကြတာတွေ ရှိပါတယ်။ သူတို့အယူအဆ အတွေးအခေါ်အမျိုးမျိုးနဲ့ မြှောက်ပေးနေကြတာ၊ ဒီဟာတွေကို ယုံကြည်ပြီးတော့ လုပ်တယ်ဆိုတဲ့ သူတွေကလည်း အတွေးအခေါ် အမြော်အမြင်နည်းတဲ့သူတွေပဲ ဖြစ်ပါတယ်။ ဘယ်သူမှ အမြတ်ထွက်တဲ့ ကိစ္စမဟုတ်တဲ့အတွက်ကြောင့် မဖြစ်ဖို့အတွက် ကျနော်တို့ မြန်မာနိုင်ငံအနှံ့ အားလုံးဟာ တစ်ဦးချင်းမှာ တာဝန်ရှိပြီးတော့ အသိတရားနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ လိုပါတယ်။ ဘယ်သူကနာတယ်၊ ဘယ်သူကသာတယ်၊ စာရင်းဇယားနဲ့ နှစ်ဖက်စလုံး နိဂုံးချုပ်မှာတော့ အရှုံးတရားတွေ ရရှိခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပါတယ်။" ဟု ရခိုင်ပြည်နယ် ဥပဒေချုပ်က ဦးလှသိန်းက ပြောကြားခဲ့သည်။

နိုင်ငံတကာမီဒီယာများ အသုံးအနှုန်းဆင်ခြင်သင့်ဟု BCကျောင်းသားများက ဆန္ဒထုတ်ဖော်

mgtharzaw@gmail.com
ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ဗြိတိသျှကောင်စီ(BC)ရုံးရှေ့တွင် ရခိုင်နှင့်ဘင်္ဂလီလူမျိုးများ၏ မဋိမက္ခများကို နိုင်ငံတကာ မီဒီယာအသုံးအနှုန်းများ ဆင်ခြင်သင့်ကြောင်း ဗြိတိသျှကောင်စီတွင်တက်ရောက် ပညာသင် ကြားနေသောကျောင်း သားကျောင်းသူများ (၁၄)ဦးက ဆန္ဒထုတ်ဖော်ပွဲတခု ပြုလုပ်ခဲ့သည်။



“တိုင်းပြည်ပျောက်နေတဲ့ လူမျိုးတစ်စုကို ကျွန်တော်တို့အနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ကျွန်တော်တို့  လက်ခံပေးပြီးသားပါ။ ဒါပြီးခဲ့တဲ့လွှတ်တော်မှာ ဦးခင်ရီကိုယ်တိုင် ရှင်းပြထားပြီးသားပါ။” ဟု British Council (BC)မှ ဆန္ဒထုတ်ဖော်ကျောင်းသား ကိုခင်ဝင်းက ပြောကြားခဲ့သည်။
အဆိုပါ ပြသာနာအား တိုင်းပြည်လုံခြုံရေးအရ၊ မျိုးချစ်စိတ်ဓာတ်အရ ယခုထက်ပို၍ မကျယ်ပြန့်စေချင်ကြောင်း ၄င်းကိစ္စကို ဗုဒ္ဓဘာသာနှင့်မွတ်ဆလင်အရေးဟု မပြောစေချင်ကြောင်း အားလုံးကို ငြိမ်းငြိမ်းချမ်းချမ်း ရှိစေချင် လိုကြောင်း ကိုခင်ဝင်းက ဆက်လက်ပြောကြားသည်။





“အခုဖြစ်နေတဲ့ ပြသာနာကို နိုင်ငံတကာမီဒီယာတွေက ဘာသာရေးနဲ့ပတ်သက်တဲ့ ပြသာနာလို့ လုံးဝ မဖော်ပြကြပါနဲ့လို့ ကျွန်တော်တို့ တောင်းဆိုပါတယ်။” ဟု ကိုဟေမာန်ဦးက ပြောသည်။




ရခိုင်နှင့်ဘင်္ဂလီလူမျိုးအရေးအခင်းသည် ဘာသာရေးအရေးအခင်းမဟုတ်သဖြင့် ဘာသာအဓိကရုဏ်း မပြန့်ပွားစေလို၍ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း ဆန္ဒထုတ်ဖော်နေသူများကဆိုသည်။

AZG မှ အဖွဲ့ခေါင်းဆောင် ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထား

mgtharzaw@gmail.com

နယ်သာလန်အခြေစိုက် နိုင်ငံတကာအန်ဂျီအို(AZG)မှ စစ်တွေရုံးခွဲရှိ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဦးကျော်လှအောင်ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေးယူထားကြောင်း စစ်တွေမြို့ရှိ လုံခြုံရေးတာဝန်ရှိသူ တစ်ဦးက အတည်ပြုပြောကြားခဲ့ပါသည်။

ထို့အပြင် စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက်ရှိ ဦးအောင်ထွန်းဦးလမ်းအတွင်းမှ AZG ရုံး အား ဇွန်လ ၁၄ ရက်နေ့က တပ်မတော်မှ ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှာဖွေမှုပြုလုပ်သည့် အချိန်မှာ နံနက် ၁၁ နာရီ ၃၀ မိနစ်မှ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်အထိ အချိန် ၃ နာရီခန့်ကြာမြင့်ခဲ့ကြောင်း သိရသည်။

AZG အဖွဲ့သည် စစ်တွေမြို့တွင် အိတ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက် ကာကွယ်ရေးလှုပ်ရှားမှုများ ပြုလုပ်ကြောင်း သိရသည်။

ဗီဂျေးနမ်ဗီယာသည်လည်း အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ ဘာသာရေးခေါင်းဆောင် ၁၅ ဦး နှင့်အတူ ဇွန်လ ၁၃ ရက်နေ့က စစ်တွေမြို့သို့ လာရောက်ခဲ့သည်။