Friday, June 15, 2012

ရန်ကုန်မှာတော့အေးချမ်းလျှက်ပါ

mgtharzaw@gmail.com
ဒီနေ့ ရန်ကုန်မြို့အတွင်း အစ္စလာမ်ဘာသာဝင်တွေရဲ့ ဝတ်ပြုဆုတောင်းပွဲဟာ အေးအေးချမ်းချမ်းနဲ့ ပြီးသွားပါတယ် မနေ့ကတည်းက အစ္စလာမ်ဘာသာဝင်များအနေနဲ့ တဝက်စီခွဲပြီး ဝတ်ပြုကြဘို့ ကြိုတင်စီစဉ်ထားပါတယ် တဝက်ကဝတ်ပြုနေရင် ကျန်တဝက်က ဗလီအပြင်ဘက်မှာ လုံခြုံရေးအတွက်ပေါ့ ဝတ်ပြုပြီး တဲ့သူတွေက လုံခြုံရေးပြန်ယူပြီး ပထမ လုံခြုံရေးတာဝန်ကျတဲ့သူတွေက ဝတ်ပြုကြဖို့ စီစဉ်ထားပါတယ် အဲဒီလိုဘဲ သင်္ဃန်းကျွန်းက ဗလီဆရာတွေနဲ့ ဗုဓ္ဒဘာသာ ဘုန်းကြီးကျောင်းက ကျောင်းထိုင်ဆရာတော်တွေ မနေ့က နာလည်မှုယူထားတာက ဗလီအတွင်း ဝတ်ပြုနေချိန်မှာ ဘုန်းကြီးများမှ လုံခြုံရေးယူပေးမယ်လို့ ကျောင်းထိုင်ဆရာတော်မှ ဆွေးနွေးချက်ကို ဗလီဆရာများမှ ဝမ်းပန်းတသာကြီုဆိုပြီး လုံခြုံရေးအတွက် မိမိတို့ဖါသာတာဝန်ယူသွားမည်ဖြစ်ပြီး မိမိတို့မှ တည်ငြိမ်အေးချမ်းစွာနဲ့ လူစုခွဲသွားမှာဖြစ်တဲ့ အတွက် ကြောင့်၎င်း အများအမြင်မှာ ပုံစံတစ်မျိုးမြင်ယောင်မည်စီုးရိမ်လို့ အရှင်ဘုးရားတို့မှ လုံခြုံရေးမယူဘဲ စောင့်ကြည့်ပေးရန်သာလိုအပ်ကြောင်း ပြောကြားရာ ဆရာတော်မှ ဟုတ်ပါပြီ ခင်ဗျားတို့ ထုံးတမ်း စဉ်လာအတိုင်းသာ ဝတ်ပြုကြပါ ကျုပ်တို့ကလည်း အနည်းကပ်စောင့်ကြည့်ပေးပါမည် နှစ်ဘက် သဘောတူညီမှု ရယူခဲ့ကြသည်
ထို့အတွက်ကြောင့် နိုင်ငံတကာမှ ရခိုင်ပြည်နယ် အရေးကို ဘာသာရေး ကိစ္စလို့ပြောနေသူများနဲ့ ရန်ကုန်အပါအဝင် မြို့ကြီးတွေမှာလည်း ရခိုင်ကဲ့သို့ ဖြစ်စေရန် ကြံရွယ်သူများကို ပြောချင်တာက ဘာသာရေးကိစ္စမဟုတ်ပါ၊ ခင်ဗျားတို့ဖြစ်ချင်သလို ရန်ကုန်မှာ မဖြစ်ပါလို့ဘဲ ပြောချင်ပါတယ် ရန်ကုန်မှာတော့အေးချမ်းလျှက်ပါ

1 comment:

  1. စိတ်မကောင်းစရာသတင်းပါ ဒေါ်စုရဲ့ကျမ်းမာရေးဟာ ထားဝယ်ခရီးစဉ်မှာကတည်းက အခြေအနေ မပေးဘူးဆိုတာ သိရှိထားပါတယ် အသက်အရွယ်ရယ် လုပ်နေတဲ့ လုပ်ငန်းကြီး တွေရယ် ကြောင့်စိတ်ဓါတ်ခွန်အားကို အခြေခံပြီး ကျမ်းမာရေးကို ခေတ်မှီဆေးဝါးတွေနဲ့ ထောက်ပံ့ကာ လုပ်နေရသူပါ ဒေါ်စုတစ်ယောက် ကောင်းတာ ဆိုးတာကို ခဏဘေးဖယ်ထားပြီး ကျမ်းမာရေးအတွက် ကျုပ်တို့ ဆုတောင်းပေးကြရအောင် " ဒေါ်စုတစ်ယောက် ကျမ်းမာပါစေ"

    ReplyDelete